ကွဲကြေသွားသောနှလုံးသား

Friday, July 02, 2010 Posted In Edit This 1 Comment »
အိပ်မက်တစ်ခု ကြေပျက်သွားရုံနှင့် ဘ၀တစ်ခုလုံး ပျက်သုဉ်းပြီမဆိုပါနှင့်။ သင့်နှလုံးသား ကွဲကြေသွားပြီဟု သင်ခံစားနေရမည်ကို သိပါ၏။ သို့သော် အသည်းနှလုံးဟူသည် မည်မျှပြင်းထန်သော ဒဏ်ရာဒဏ်ချက်ကိုဆိုစေ ကုစားရှင်သန်နိုင်စမြဲသာ ဖြစ်ပါသည်။

သည်တစ်ကြိမ်မျှနှင့်ဘ၀သည် ပြီးဆုံးသွားသည်မဟုတ်ပါ။ သင့်အတွက် နေ့ရက်သစ်တွေ ဆက်၍လာပါဦးမည်။ သည်နေ့ရက်များနှင့်အတူ ပါလာမည့်မျှော်လင့်မှု အားတက်ရွှင်လန်းမှုများဖြင့် သင့်နှလုံးသားသည် ပြန်လည်လန်းဆန်းလာမည်သာ ဖြစ်သည်။

စိတ်ပျက်အားလျော့နေဆဲ ကြေကွဲမှုဝေဒန ခံစားနေရဆဲ အချိန်၌မှု အနာဂတ်ကာလ ဘ၀တစ်လျောက် ပြုံးရွှင်နိုင်စရာမရှိတော့ပြီဟု သင်ခံစားထင်မြင်မိမည် အမှန်ပင်ဖြစ်၏။ သို့သော် အချိန်ကာလဆေးသမားသည် သင့်ဝေဒနာကို ကုစားပေးရုံမက သင့်အား ဝေဒနာပေးခဲ့သော အကြောင်းခြင်းရာကိုပါ အဓိပ္ပာယ်အနက်သစ်ဖွင့်လှစ်၍ ပေးလိမ့်မည်။ နောက်ဆုံးတော့ အရာရာသည်သင့်အတွက် ကောင်းကျိုးဖြစ်လာပေမည်။ နစ်နာမှုအတွက် အချိန်တန်လျှင် အတိုးရင်းပွား ပြန်လည်ခံစားရသည်ဆိုတာ သင်သိမြင်ခွင့် ရပေမည်။

ဆုံးရှုံးသွားသော နှလုံးသည်းပွတ်အတွက် ကျရသောမျက်ရည်စများကို ဆက်လက်ဖက်တွယ်မထားပဲ ဘ၀၏သရုပ်သကန်ကို အမှန်အတိုင်း သုံးသပ်လက်ခံနိုင်မည်ဆိုက သင့်ဘ၀၏ရှေ့ခရီးလမ်း တစ်နေရာ၌ ငံ့လင့်စောင့်ကြိုနေမည့် ပို၍ကြီးမားသော ချမ်းသာသုခကို သင်မုချတွေ့ရလိမ့်မည်။ အိပ်မက်တစ်ခုလုံး ဆုံးရှုံးခဲ့တာတော့ အမှန်ပင်။ သို့သော် မျက်ရည်ပေါက်တို့ ကျသင့်သလောက် ကျခဲ့ပြီးဖြစ်လျှင် နောက်ကြောင်းပြန်ငဲ့နေသော ဦးခေါင်းကိုရှေ့သို့ ပြန်လှည့်ပါလေ။

အတိတ်ကိုကုန်လွန်ခွင့်ပေးနိုင်လျှင် ကြေကွဲခြင်းနေရာ၌ ခွင့်လွတ်ခြင်း မေ့လျော့ခြင်းများ အစားထိုးနေရာယူခွင့် ပေးနိုင်လျှင် ဘ၀အသစ်တစ်ခု အစပြု၍ရပေပြီ။ နှလုံးသားဆိုသည်မှာ နူးညံ့သိမ်မွေ့သလောက် ခံနိုင်ရည်လည်းရှိလှသည့် ကိုယ်င်္အဂါတစ်ခုသာပင်။

1 comments:

ရင်ခတ်အလွမ်း said...

ကျေးဇူးတင်ပါတယ် ဆောင်းပါရှင်ရယ်။ ကျနော့ကို ရည်ရွယ်သလားမသိဘူးနော်။ ဆောင်းပါးရှင်ရဲ့ သဘောထားကြီးမှု၊ ခံယူတတ်မှုတွေကို သိရတာ လေးစားမိပါတယ်။ အစားထိုးခွင့်အတွက် ဆောင်းပါးရှင်ရေ.......ပါရမီဖြည့်ပါအုံးနော်။