ယုံကြည်စေချင်

Wednesday, October 27, 2010 Posted In Edit This 0 Comments »

ယုံကြည်စေချင်

နင် .... ယုံရဲ့လား
ပေါ့ပျက်ပျက်ရယ်သွမ်းသွေး
လောကကြီးကိုအရေးမထားတဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက် ... လေးနက်ခြင်းတွေရှိတယ်။

နင် ... သိရဲ့လား
မထီမဲ့မြင်နဲ့ လောကကြီးအတွက်
ကဗျာမဆန်တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက် ... နူးညံ့တဲ့သံစဉ်တွေရှိတယ်။

နင် ... ထင်ရဲ့လား
ပြုံးစပ်စပ်မျက်နှာပေးနဲ့
ပျော်ရွှင်ခြင်းသာရှိတဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက် ... လွမ်းခြင်းဆိုတာရှိတယ်။

နင် ... မြင်နိုင်လား
မချစ်တတ်ဘူး
နင်ထင်ခဲ့တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက် ... ချစ်ခြင်းအပြည့်ရှိတယ်။

နင် ... သိထားပါ
လွတ်လပ်ပွင့်လင်း
ဟန်ဆောင်ခြင်းကင်းတဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
ပြင်းထန်တဲ့ ... မာနတရားတွေရှိတယ်။

နင် ... မှတ်ထားပါ
ဘာကိုမှ ဂရုမစိုက် ရူးမိုက်မိုက်နဲ့
တစ်စွတ်ထိုးလုပ်တတ်တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
စောင့်စည်းရမဲ့ ... အသိတရားတွေရှိတယ်။

0 comments: