ဝဋ်

Wednesday, October 27, 2010 Posted In Edit This 0 Comments »
ဝဋ်

နင်နဲ့တွေ့ခဲ့တဲ့
အတိတ်ကဝေဒနာနဲ့
ပစ္စုပ္ပန်ကိုညှင်းဆဲ
ငါ့အနာဂတ်ကလည်း
ခုထိမျက်စိမွဲတုံးပဲ.......
ကာလတွေဘယ်လောက်ရွေ့ ရွေ့ 
မေ့လို့မရတဲ့နင့်ဓါတ်ပုံဟောင်းက
ပူုနေတဲ့ဘ၀ကို
မီးတစနဲ့ဆွကောင်းတုံး..........
အရိုးရှင်းဆုံးသစ္စာရှိဟန်ဆောင်ခဲ့တဲ့နင်
နင်ရေးခဲ့တဲ့ရေပေါ်က အရုပ်တွေ
နင်ပေးခဲ့တဲ့ ရင်ပေါ်ကအရှုပ်တွေ
ငါ့စိတ်တွေ ဟိုမရောက်ဒီမရောက်
မွန်းကျပ်မှုနဲ့ ကြွေကာခြောက်ခဲ့ပြီ..........
နောက်ဘ၀မှာ လူဖြစ်ခွင့်ရရင်တော့
သစ္စာရှိသူတို့ရင်မှာ
ဂုဏ်ယူမှေးစက်ချင်ပါသေးရဲ့
ဒီဘ၀တော့ ၀ဋ်ရှိသရွေ့
ခံစားဖွဲ့နွဲ့ ကြေကွဲပါရစေတော့.........။

0 comments: