ခုကျမှ

Wednesday, October 27, 2010 Posted In Edit This 0 Comments »
ခုကျမှ

ငါတားနေရက်နဲ့
နင်ထွက်သွားခဲ့တာ

ငါတောင်းပန်ရက်နဲ့
နင်ပြောင်းလဲသွားခဲ့တာ
ခုကျမှ နင်နောင်တမရပါနဲ့။

ငါအလျှော့ပေးရက်နဲ့
နင်အနိုင်ယူသွားခဲ့တာ
ငါနားလည်ပေးရက်နဲ့
နင်စာနာမပေးခဲ့တာ
ခုကျမှ နင်ငိုမနေပါနဲ့။

ငါသတိပေးရက်နဲ့
နင်မိုက်လုံးကြီးခဲ့တာ
ငါခွင့်လွှတ်ရက်နဲ့
နင်နောက်မဆုတ်နိုင်ခဲ့တာ
ခုကျမှ နင်တွေဝေမနေပါနဲ့။

ငါသိပ်ချစ်ရက်နဲ့
နင်ထားရစ်ခဲ့တာ
ငါအမှားမရှိဘဲနဲ့
နင်စွန့်ခွာသွားခဲ့တာ
ခုကျမှ နင်တောင်းပန်မနေပါနဲ့။

0 comments: