မိုးချစ်သူ

Wednesday, October 27, 2010 Posted In Edit This 0 Comments »

မိုးချစ်သူ

မိုးရာသီရောက်ပြီနော်ချစ်သူ....
မိုးစက်ကလေးတွေအောက်မှာ...
ဝေဆာဖူးပွင့်ခဲ့တဲ့သံယောဇဉ်လေးတွေ...
မင်းရဲ့တဖက်သတ်အတွေးအောက်မှာ
ကြွေကျမြေမခပါရစေနဲ့ ချစ်သူ...
သာယာချိုမြတဲ့တေးသွားလေးလို..
မင်းပြောခဲ့တဲ့အားပေးစကားတွေကရော..
ပုံပြင်တစ်ပုဒ် မဖြစ်ပါရစေနဲ့ ချစ်သူ..
မင်းကြောင့်စိတ်ကူးယဉ်အားတက်ခဲ့ရတဲ့
ငါ့ရဲ့နေ့ရက်တွေကရော
အိပ်မက်တစ်ခုလို မဖြစ်ပါရစေနဲ့ ချစ်သူ..
ဘာကြောင့်လဲဆိုတာ
မာန နဲ့ သိက္ခာ အရှုံးထား
နှလုံးသားမှာ ကမ္ဓည်းထိုး..
မြတ်မြတ်နိုးနိုးနဲ့ မင်း ကို ချစ်မိသွားလို့ ပါ ...ချစ်သူ။
ငါ့အတွက်လို့ ပြောတတ်တဲ့ မင်း
ငါ့အတွက်တော့မင်းရှိမှဖြစ်မယ်..
မင်းမရှိရင်တော့ငါ့နေ့ရက်တွေက
အသက်ဝင်ရှင်သန်နေမယ်လို့မထင်ဘူးချစ်သူရာ..

0 comments: