ချစ်သူ

Wednesday, October 27, 2010 Posted In Edit This 0 Comments »
Random Images Upload Photos Random Pics
ချစ်သူ.......

မှားယွင်းခဲ့တဲ့ တစုံတရာ အတွက်
ငါ ဘာတွေများ မျှော်လင့်လို့ ရဦးမလဲ ???
အချစ် ဆိုတာ ဖြူစင်စွာပေးဆပ်ခြင်းသပ်သပ်တဲ့လား ???

အနားမှာ နင်ရှိနေပေးခဲ့ဖူးတဲ့ အချိန်တွေအတွက်
နင့်ကို ကျေးဇူးတင်သလို ... ... ...
နင်မရှိတော့တဲ့ အခါမှာလည်း
တမ်းတလွမ်းမောစရာ အတိတ်လေးကို ချန်ထားပေးခဲ့တဲ့
နင့်ကို ကျေးဇူးတင်ဆဲပါပဲ။

နောက်ဆုံးတော့ ... ... ...နင်နဲ့
လက်တွဲရတာက
သာယာသောအေးချမ်းခြင်းဖြစ်နိုင်သလို
လမ်းခွဲရတာကလည်း
အပူအပင်ကင်းသော ငြိမ်းချမ်းခြင်းဖြစ်နိုင်တာပဲလို့
ဖြေသိမ့်မှတ်ယူရင်း ...
ငါ့ ရင်ထဲမှာတော့ နင့်တစ်ယောက်ကိုပဲ
သက်ဆုံးတိုင်မြတ်နိုးနေဦးမှာပါ ' **ချစ်သူ**

0 comments: