ငါ့ရဲ့အချစ်

Wednesday, October 27, 2010 Posted In Edit This 0 Comments »

ငါ့ရဲ့ အချစ်

အချိန်ကြာလာတာနဲ့အမျှ
မေ့မေ့ပျောက်ပျောက် ဖြစ်သွားရအောင်
အချစ်ဆိုတာ
သီချင်းတစ်ပုဒ် ၊ စာတစ်အုပ်လို
ခဏတာ ဖျော်ဖြေမှုမှ မဟုတ်တာ...။

ရယူခြင်း ၊ ပေးဆပ်ခြင်း
ပိုင်ဆိုင်ခြင်း ၊ စွန့်လွှတ်ခြင်း...
ဘယ်လိုဖွင့်ဆိုမှုမျိုးမှ မပါပဲ
ချစ်လို့ပဲ ချစ်ခဲ့တာ...။

ငါ့ကိုကျီစားလို့ရတယ်
လှည့်စားလို့တော့မရဘူး
ငါ့ဘ၀အတွက် နင်ရှိဖို့လိုတယ် ဆိုတဲ့
စကားတစ်ခွန်း အတွက်..
တားမြစ်စကားတွေကို ဆန့်ကျင်
နင့်စိတ်တစ်ခုတည်းကိုပဲ အမှန်ထင်ခဲ့တဲ့ ..ငါ..

နေခဲ့ပါလို့တောင် မပြောပဲ
ပစ်စလက်ခတ် ထွက်သွားတော့လဲ
အကြောင်းပြချက် တစုံတရာမမေး..
ကျေကျေနပ်နပ် ကျန်နေပေးခဲ့သူပါ..။

အ လို့ချစ်တာ မဟုတ်ပါဘူး...
စူးစူးနစ်နစ် ချစ်မိတဲ့ အချစ်အတွက်
ဖြူစင်ရိုးသားစွာ ဖြည့်ဆည်းပေးချင်နေတာ
ငါ့ နှလုံးသားရဲ့ သစ္စာပါ...။

0 comments: