အလွမ်းဒဏ်ရာ

Tuesday, November 02, 2010 Posted In Edit This 0 Comments »


အလွမ်းဒဏ်ရာ

ချစ်သူ.......မင်းဟာ
ငါ.နှလုံးသားတစ်နေရာမှာ
နက်ရှိုင်းစွာစူးဝင်နေတဲ.
ဆူးလေးတစ်ချောင်းပါ
မင်းပေးတဲ့ ဒဏ်ရာတွေနဲ့
ငါ့နှသားတစ်ခုလုံးကြေမွ
သွေးစက်စက်ကြနေပေမဲ.
မင်းကိုငါနှုတ်မပစ်ရက်ပါဘူး

ချစ်သူ.......ငါဟာ
သူများတွေပျော်ရွှင်ချိန်မှာ
ဟန်ဆောင်ပြုံးတွေနဲ.
အတုအယောင်ကိုဖန်ဆင်း
ကိုယ်.ကိုကိုယ်ကာကွယ်ရင်းနဲ့
တိုးတိတ်စွာတမ်းတနေမိသူပါ

ချစ်သူ......မင်းဟာ
ငါ.ကိုကဝေတစ်ကောင်လိုပြုစား
ငါ.နှလုံးသားကိုလှည်.ဖြားခဲ့တယ်နော်
မချစ်တတ်သေးတဲ.ငါ.ကို
ချစ်တတ်လာအောင်လှည်.စား
အိပ်မက်ရှည်များစွာကိုလဲ
မက်တတ်အောင်သင်ကြားပေးခဲ.ပြန်တယ်

ချစ်သူ........ငါဟာ
မျက်စိရှေ.မှာတင်ကွဲအက်သွားတဲ.
ငါ.နှလုံးသားလေးကို
ဖမ်းယူတားဆီးဖို.တောင်
မစွမ်းနိုင်တဲ.သူပါ

ချစ်သူ.....ခုတော့ မင်းဟာ
အခြားသူတစ်ယောက်ရဲ.ရင်ခွင်မှာ
အနမ်းတွေနဲ.အတူ
အလွမ်းတွေကိုမေ.လျှော.
ပျော်ရွှင်စွာရယ်မောတတ်နေပြီပေါ.

ချစ်သူ.....ခုတော.ငါဟာ
မင်းပေးတဲ.အလွမ်းဒဏ်ရာတွေကို
ထွေးပိုက်ရင်း
အိပ်ပျက်ညများစွာကိုကျော်ဖြတ်လို.
အိပ်စက်ရမှာတောင်ကြောက်နေမိသူပါ...

0 comments: