ပိုင်ဆိုင်ခွင့်

Thursday, November 11, 2010 Posted In Edit This 0 Comments »
ပိုင်ဆိုင်ခွင့်

ချစ်သူရေ
ပြန်မလာတော့ဘူးဆိုတာသိရက်နဲ့
စောင့်နေမိတဲ့ ကောင်မလေး
ငါ့ကို နင် အပြစ်မတင်ပါနဲ့။

နင့်လှည့်စားမှု့တွေအောက်မှာ
ပြားပြားဝပ်သွားတဲ့
ငါ့နှလုံးသားလေးကိုလည်း မေ့လိုက်ပါ
ဆိုတဲ့ စကားလုံးတွေနဲ့
ကြေကွဲအောင် ထုချေမပစ်ပါနဲ့။

နင်ထားခဲ့ပြီးဖြစ်တဲ့ ငါ့ကို
အမိန့်လို စကားတွေနဲ့
လာမသုံးပြပါနဲ့။

လမ်းခွဲခဲ့ရပေမဲ့

သတိရခြင်းတွေ
လွမ်းဆွတ်ခြင်းတွေ
ချစ်နေရခြင်းတွေကိုတော့
ငါ
ပိုင်ဆိုင်ခွင့်ရှိပါသေးတယ်။

0 comments: