မာယာများနဲ့ချစ်သူ
Monday, December 13, 2010 Posted In poem Edit This 0 Comments »ငါ့ဘဝကို အရှုံးပေးပြီး..............
နှလုံးအေးအေးနဲ့ပဲ ငါချစ်ခဲ့ဘူးတယ်ချစ်သူ။
နင်ကပဲ ရက်စက်ကြမ်းတမ်းတာလား
ငါကပဲအသဲနုတာလား............။
ဘာဘဲဖြစ်ဖြစ် နင့်ကိုဆက်ချစ်နေအုံးမှာပဲ
အခုတော့ ငါဟာမင်းရဲ့ မာယာကျော့ကွင်းမှာ
သက်ဆင်းရတဲ့ သားကောင်ငယ်ပေါ့။
တကယ်တော့ နင့်ကို
ငါ့နှလုံးသားနိုင်ငံတိုင်းမှာ
အချစ်ဘုရင် တင်မြှောက်ပြီး။
ကျွန်တယောက်လို ခစားပြီးချစ်နေတာတောင်မှ
မင်းပေးခဲ့တဲ့ ဆုလဒ်တွေဟာ
ငါ့အတွက် ဆုံးရှုံးမှုတခုဆိုတာ
မင်းသိနားလည်ပါစေ ချစ်သူ...................။
0 comments:
Post a Comment