ကျန်ခဲ့သူ

Wednesday, October 27, 2010 Posted In Edit This 0 Comments »
ကျန်ခဲ့သူ

မပြည့်စုံနိုင်တဲ့ ဘ၀တစ်ခုမှာ
အတွေ့အကြုံကို မိုက်မဲ အစပြုရှာ
နင်ဟာ င့ါကို စွန့်ခွာ တစ်ယောက်တည်း
ထားခဲ့တော့မှာလား

ယနေ့တိုင်အောင် မေ့မရပါ
မဝေးနိုင်လေတဲ့ အတိတ်ဘ၀မှာ
ငါဟာ နင့်ကို ချစ်တာ မယုံလို့
စွန့်ပစ်ခဲ့တာလား

ဝေးတဲ့အချိန်တွေ ရေတွက်ကာ
လွမ်းရင်းမျှော်ကာ နေထွက်လာ
ဝေဒနာတွေသာ င့ါဘ၀အတွက်တော့
အရင်းနှီးဆုံး အဖော်ပါ

နီးဖို့ဆိုတာ အိပ်မက်ပါ
မင်းစကားတွေကို ရေတွက်မရ
ပျော်နိုင်ပါစေ မင်းဘ၀တစ်လျှောက်အတွက်
တောင်းဆုလေး ချွေကာ (လွမ်းနေတာ)

ငါ့ရဲ့အချစ်

Wednesday, October 27, 2010 Posted In Edit This 0 Comments »

ငါ့ရဲ့ အချစ်

အချိန်ကြာလာတာနဲ့အမျှ
မေ့မေ့ပျောက်ပျောက် ဖြစ်သွားရအောင်
အချစ်ဆိုတာ
သီချင်းတစ်ပုဒ် ၊ စာတစ်အုပ်လို
ခဏတာ ဖျော်ဖြေမှုမှ မဟုတ်တာ...။

ရယူခြင်း ၊ ပေးဆပ်ခြင်း
ပိုင်ဆိုင်ခြင်း ၊ စွန့်လွှတ်ခြင်း...
ဘယ်လိုဖွင့်ဆိုမှုမျိုးမှ မပါပဲ
ချစ်လို့ပဲ ချစ်ခဲ့တာ...။

ငါ့ကိုကျီစားလို့ရတယ်
လှည့်စားလို့တော့မရဘူး
ငါ့ဘ၀အတွက် နင်ရှိဖို့လိုတယ် ဆိုတဲ့
စကားတစ်ခွန်း အတွက်..
တားမြစ်စကားတွေကို ဆန့်ကျင်
နင့်စိတ်တစ်ခုတည်းကိုပဲ အမှန်ထင်ခဲ့တဲ့ ..ငါ..

နေခဲ့ပါလို့တောင် မပြောပဲ
ပစ်စလက်ခတ် ထွက်သွားတော့လဲ
အကြောင်းပြချက် တစုံတရာမမေး..
ကျေကျေနပ်နပ် ကျန်နေပေးခဲ့သူပါ..။

အ လို့ချစ်တာ မဟုတ်ပါဘူး...
စူးစူးနစ်နစ် ချစ်မိတဲ့ အချစ်အတွက်
ဖြူစင်ရိုးသားစွာ ဖြည့်ဆည်းပေးချင်နေတာ
ငါ့ နှလုံးသားရဲ့ သစ္စာပါ...။

ဘာကြောင့်လဲ

Wednesday, October 27, 2010 Posted In Edit This 0 Comments »
ဘာကြောင့်လဲ

မင်းနဲ့ဆုံချိန်တိုင်းမှာ
ငါရင်တွေခုန်ခဲ့တာ
ဘာကြောင့်လဲ

မင်းနဲ့ဝေးချိန်တိုင်းမှာ
ငါဆွေးခဲ့ရတာ
ဘာကြောင့်လဲ

မဖြစ်နိုင်မှန်းသိပေမယ့်
ငါသိပ်ချစ်ခဲ့တာ
ဘာကြောင့်လဲ

အထီးကျန်ဆန်တဲ့ ညတွေမှာ
မေးခွန်းပေါင်းများစွာနဲ့
ငါ တစ်ယောက်တည်း................

ချစ်သူ

Wednesday, October 27, 2010 Posted In Edit This 0 Comments »


မင်း မျက်နှာကို
ကံ မကောင်းလို့ နေ့တိုင်း မမြင်ခဲ့ ရရင်တောင်
မင်း ရဲ့ အကြောင်းတွေးရင်း
ချို မြိန် တမ်းတစွာ
မင်းကို ငါ သတိရနေရဲ့
အလွမ်းတွေက
ငါမင်းကို မေ့မရတဲ့
သက်သေ တွေ အဖြစ်
နင်မသိအောင် ငါ့ကို
စွဲဆောင်နေလေရဲ့ .....
မင်း မရှိတဲ့ ငါ့ရဲ့ နေ့စွဲ တွေကို
ဖြတ်ကျော်နည်းကို
ငါ တဖြည်းဖြည်း သင်ယူနေရဲ့......
နင် မရှိတဲ့ နေ့ရက်တွေမှာ
နင်ကို ပိုပြီးသတိရတတ်နေရဲ့
နင် မသိတဲ့ နေ့များစွာ ကို
နင်မသိဘဲ ငါ မင်းကို ချစ်နေလေရဲ့
နင်မသိလည်း
ငါကတော့ ကျေနပ်စွာ
နင်ကို လွမ်းနေတုန်းပါ
အသွား အပြန်မရှိခဲ့ရင်တောင်မှ
နောင်တမဲ့
မင်းကို ထွက်သက်မဲ့ ထိ
ဆက်ချစ်နေချင်ရဲ့
နင်သိအောင်လည်း
ငါတောင်းဆုချွေနေတယ်
ကောင်းကင်က ကြယ်မိုးမရွာသွန်းပါစေ
ငါရဲ့ အချစ်စစ်ခဲ့ရင်ပေါ့
မင်း မျက်နှာလေးကို နောက်တစ်ကြိမ်တော့
ပြန်မြင်ချင်မိသေးရဲ့
ချစ်သူရယ်......................။

တောင်းပန်ခြင်း

Wednesday, October 27, 2010 Posted In Edit This 0 Comments »

တောင်းပန်ခြင်း

ချစ်သူ...
ကိုယ့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးထောင့်က
မင်းသော့ဖြတ်ပြီး ၀င်လာခဲ့တယ်။
မင်းတစ်သက်လုံးပျော်နိုင်ပါ့မလား....
မပျော်တော့ဘူးဆိုရင်တော့
မင်းထွက်သွားလို့ရပါတယ်......(ငါ မျက်ရည်တွေနဲ့ပေါ့)
တကယ်လို့...အလည်ပြန်လာမယ်ဆိုရင်လည်း....
မင်းအတွက်တော့ အမြဲအဆင်သင့်ပါ (ငါ့နှလုံးသားတံခါး)....
အပြီးအပိုင်ထွက်ခွါသွားတော့မယ်ဆိုရင်တော့...
ငါနှလုံးသားကိုပါတစ်ခါတည်းယူသွားလိုက်ပါ...ချစ်သူ

ချစ်သူမှာတမ်း

Wednesday, October 27, 2010 Posted In Edit This 0 Comments »

ချစ်သူမှာတမ်း

ကြယ်တွေစုံတဲ့ ည
ကောင်းကင်စီမျှော်မှန်းရင်း.....
ငါ့အတွေး တွေက မင်းစီဖြန့်ထားခဲ့တယ်.....

ဟိုးအဝေး စီက...
မှုန်ပြပြ တောင်တန်းတွေကြားမှာ
မင်းရှိနေမလား.....
မှန်းဆရ ခက်လိုက်တာ ချစ်သူရယ်.....

ကိုယ့်ရဲ့ တည်နေရာ
ကိုယ်တိုင်တောင် မသေချာတဲ့ အဖြစ်
မင်းရှိရာကို ဘယ်လိုမှန်းဆရပါ့မလဲ.....

ဘယ်လို ပင် ဖြစ်ဖြစ်
ဘယ်နေရာပဲရောက်ရောက်......
ဘယ်အရပ်မှာပဲ နေနေ ....
ငါ့ရင်ထဲက သတိရခြင်းတွေကို....
မင်းရှိမဲ့အရပ်စီ...မှန်းဆလို့.......

တမန်တော် လေပြေရယ်...
ကျေးဇူးပြုပြီး...ပြောပြလိုက်ပါ....
ငါ သူ့ ကို အရမ်းလွမ်းနေတယ်လို့.....

ချစ်သူ

Wednesday, October 27, 2010 Posted In Edit This 0 Comments »
Random Images Upload Photos Random Pics
ချစ်သူ.......

မှားယွင်းခဲ့တဲ့ တစုံတရာ အတွက်
ငါ ဘာတွေများ မျှော်လင့်လို့ ရဦးမလဲ ???
အချစ် ဆိုတာ ဖြူစင်စွာပေးဆပ်ခြင်းသပ်သပ်တဲ့လား ???

အနားမှာ နင်ရှိနေပေးခဲ့ဖူးတဲ့ အချိန်တွေအတွက်
နင့်ကို ကျေးဇူးတင်သလို ... ... ...
နင်မရှိတော့တဲ့ အခါမှာလည်း
တမ်းတလွမ်းမောစရာ အတိတ်လေးကို ချန်ထားပေးခဲ့တဲ့
နင့်ကို ကျေးဇူးတင်ဆဲပါပဲ။

နောက်ဆုံးတော့ ... ... ...နင်နဲ့
လက်တွဲရတာက
သာယာသောအေးချမ်းခြင်းဖြစ်နိုင်သလို
လမ်းခွဲရတာကလည်း
အပူအပင်ကင်းသော ငြိမ်းချမ်းခြင်းဖြစ်နိုင်တာပဲလို့
ဖြေသိမ့်မှတ်ယူရင်း ...
ငါ့ ရင်ထဲမှာတော့ နင့်တစ်ယောက်ကိုပဲ
သက်ဆုံးတိုင်မြတ်နိုးနေဦးမှာပါ ' **ချစ်သူ**

ယုံကြည်စေချင်

Wednesday, October 27, 2010 Posted In Edit This 0 Comments »

ယုံကြည်စေချင်

နင် .... ယုံရဲ့လား
ပေါ့ပျက်ပျက်ရယ်သွမ်းသွေး
လောကကြီးကိုအရေးမထားတဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက် ... လေးနက်ခြင်းတွေရှိတယ်။

နင် ... သိရဲ့လား
မထီမဲ့မြင်နဲ့ လောကကြီးအတွက်
ကဗျာမဆန်တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက် ... နူးညံ့တဲ့သံစဉ်တွေရှိတယ်။

နင် ... ထင်ရဲ့လား
ပြုံးစပ်စပ်မျက်နှာပေးနဲ့
ပျော်ရွှင်ခြင်းသာရှိတဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက် ... လွမ်းခြင်းဆိုတာရှိတယ်။

နင် ... မြင်နိုင်လား
မချစ်တတ်ဘူး
နင်ထင်ခဲ့တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက် ... ချစ်ခြင်းအပြည့်ရှိတယ်။

နင် ... သိထားပါ
လွတ်လပ်ပွင့်လင်း
ဟန်ဆောင်ခြင်းကင်းတဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
ပြင်းထန်တဲ့ ... မာနတရားတွေရှိတယ်။

နင် ... မှတ်ထားပါ
ဘာကိုမှ ဂရုမစိုက် ရူးမိုက်မိုက်နဲ့
တစ်စွတ်ထိုးလုပ်တတ်တဲ့
ကောင်မလေးရဲ့ရင်ထဲမှာ
စောင့်စည်းရမဲ့ ... အသိတရားတွေရှိတယ်။

ဝဋ်

Wednesday, October 27, 2010 Posted In Edit This 0 Comments »
ဝဋ်

နင်နဲ့တွေ့ခဲ့တဲ့
အတိတ်ကဝေဒနာနဲ့
ပစ္စုပ္ပန်ကိုညှင်းဆဲ
ငါ့အနာဂတ်ကလည်း
ခုထိမျက်စိမွဲတုံးပဲ.......
ကာလတွေဘယ်လောက်ရွေ့ ရွေ့ 
မေ့လို့မရတဲ့နင့်ဓါတ်ပုံဟောင်းက
ပူုနေတဲ့ဘ၀ကို
မီးတစနဲ့ဆွကောင်းတုံး..........
အရိုးရှင်းဆုံးသစ္စာရှိဟန်ဆောင်ခဲ့တဲ့နင်
နင်ရေးခဲ့တဲ့ရေပေါ်က အရုပ်တွေ
နင်ပေးခဲ့တဲ့ ရင်ပေါ်ကအရှုပ်တွေ
ငါ့စိတ်တွေ ဟိုမရောက်ဒီမရောက်
မွန်းကျပ်မှုနဲ့ ကြွေကာခြောက်ခဲ့ပြီ..........
နောက်ဘ၀မှာ လူဖြစ်ခွင့်ရရင်တော့
သစ္စာရှိသူတို့ရင်မှာ
ဂုဏ်ယူမှေးစက်ချင်ပါသေးရဲ့
ဒီဘ၀တော့ ၀ဋ်ရှိသရွေ့
ခံစားဖွဲ့နွဲ့ ကြေကွဲပါရစေတော့.........။

မိုးချစ်သူ

Wednesday, October 27, 2010 Posted In Edit This 0 Comments »

မိုးချစ်သူ

မိုးရာသီရောက်ပြီနော်ချစ်သူ....
မိုးစက်ကလေးတွေအောက်မှာ...
ဝေဆာဖူးပွင့်ခဲ့တဲ့သံယောဇဉ်လေးတွေ...
မင်းရဲ့တဖက်သတ်အတွေးအောက်မှာ
ကြွေကျမြေမခပါရစေနဲ့ ချစ်သူ...
သာယာချိုမြတဲ့တေးသွားလေးလို..
မင်းပြောခဲ့တဲ့အားပေးစကားတွေကရော..
ပုံပြင်တစ်ပုဒ် မဖြစ်ပါရစေနဲ့ ချစ်သူ..
မင်းကြောင့်စိတ်ကူးယဉ်အားတက်ခဲ့ရတဲ့
ငါ့ရဲ့နေ့ရက်တွေကရော
အိပ်မက်တစ်ခုလို မဖြစ်ပါရစေနဲ့ ချစ်သူ..
ဘာကြောင့်လဲဆိုတာ
မာန နဲ့ သိက္ခာ အရှုံးထား
နှလုံးသားမှာ ကမ္ဓည်းထိုး..
မြတ်မြတ်နိုးနိုးနဲ့ မင်း ကို ချစ်မိသွားလို့ ပါ ...ချစ်သူ။
ငါ့အတွက်လို့ ပြောတတ်တဲ့ မင်း
ငါ့အတွက်တော့မင်းရှိမှဖြစ်မယ်..
မင်းမရှိရင်တော့ငါ့နေ့ရက်တွေက
အသက်ဝင်ရှင်သန်နေမယ်လို့မထင်ဘူးချစ်သူရာ..

ထာဝရ ချစ်သူသို့

Wednesday, October 27, 2010 Posted In Edit This 0 Comments »

ထာဝရ ချစ်သူသို့

ဘာမျှော်လင့်ချက်မှမထားပဲ ---------- ချစ်တာ ”
သူပျော်နေရင်ကျေနပ်တယ် --------- သူစိတ်ညစ်သွားမှာကိုလဲ
အရမ်းနဲ့စိုးရိမ်မိတယ် ”
သူ့အတွက်ဘာမဆိုပေးဆပ်ထားတာ ----- ဖြစ်နိုင်ရင်သူ့ကို
အမြဲပျော်ရွှင်နေတာကိုမှ မြင်ချင်တာ”
သူ့ကို“စ”တွေ့အချိန်ကတည်းက -- ယနေ့ထက်ထိပဲ
ပြောင်းလဲမှုမရှိ ချစ်ခင်နေဆဲပါ”
“အချစ်ကအရမ်းဆန်းပြားတယ် -------------------နော်”
“ရယူပိုင်ဆိုင်ခြင်း ----- စွန့်လွှတ်အနစ်နာခံခြင်းတဲ့ ”
လူတိုင်းပြောကြတယ်လေ -------- !*
ဒါပေမဲ့သူဆီက ဘာတစ်ခုမှမျှော်လင့်မထားဘူး”
သူ့ကိုအရမ်းချစ်တယ် ----- အရမ်းမြတ်နိုးတယ်
သူ့ကိုထာဝရပျော်ရွှင်စေချင်တာပါပဲ...............”
ကိုယ့်ကိုကိုယ် တစ်ခါတစ်လေ ပြန်စဉ်းစားမိတယ် ”
“အဖြေမရှိဘူး”
“အဖြူရောင်သံယောဇဉ်လေးပဲဖြစ်မှာပေါ့နော်”

ကောင်လေး (သို့) ကောင်မလေး ရှိတဲ့ သူငယ်ချင်း တို့ ရေ ဒါလေးကို ဖတ်ဖြစ်အောင်ဖတ်လိုက်နော်..

Wednesday, October 27, 2010 Posted In Edit This 0 Comments »
ကောင်လေး (သို့) ကောင်မလေး ရှိတဲ့ သူငယ်ချင်း တို့ ရေ ဒါလေးကို ဖတ်ဖြစ်အောင်ဖတ်လိုက်နော်..

ရည်းစား.......

ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့သူ...........လို့
ဘာသာပြန်ချင်တယ်......
ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.......
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်ကိုယ်မရှိဘူး......
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားရုံ........
ပန်းခြံတွေလျှောက်လည်ရုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............
ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........
ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်......
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်.........
ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......

ချစ်သူ.........

လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........
ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........
ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......

သူငယ်ချင်းတို့ကရော ဒီစာလေးကို ဘယ်လိုသဘောရလဲ..................
ခုအချိန်မှာ သူငယ်ချင်းတို့ဘေးနားမှာ ရှိနေတဲ့သူက ရည်းစားအနေနဲ့ရှိနေတာလား............
ဒါမှမဟုတ် ချစ်သူတစ်ယောက်အနေနဲ့ရှိနေတာလား..............
သေချာစဉ်းစားကြည့်လိုက်ပါနော်..........

ခုကျမှ

Wednesday, October 27, 2010 Posted In Edit This 0 Comments »
ခုကျမှ

ငါတားနေရက်နဲ့
နင်ထွက်သွားခဲ့တာ

ငါတောင်းပန်ရက်နဲ့
နင်ပြောင်းလဲသွားခဲ့တာ
ခုကျမှ နင်နောင်တမရပါနဲ့။

ငါအလျှော့ပေးရက်နဲ့
နင်အနိုင်ယူသွားခဲ့တာ
ငါနားလည်ပေးရက်နဲ့
နင်စာနာမပေးခဲ့တာ
ခုကျမှ နင်ငိုမနေပါနဲ့။

ငါသတိပေးရက်နဲ့
နင်မိုက်လုံးကြီးခဲ့တာ
ငါခွင့်လွှတ်ရက်နဲ့
နင်နောက်မဆုတ်နိုင်ခဲ့တာ
ခုကျမှ နင်တွေဝေမနေပါနဲ့။

ငါသိပ်ချစ်ရက်နဲ့
နင်ထားရစ်ခဲ့တာ
ငါအမှားမရှိဘဲနဲ့
နင်စွန့်ခွာသွားခဲ့တာ
ခုကျမှ နင်တောင်းပန်မနေပါနဲ့။

အချစ်အလိမ်ခံ

Monday, October 25, 2010 Posted In Edit This 0 Comments »

လွမ်းတယ်ဆိုတာ

Tuesday, October 19, 2010 Posted In Edit This 0 Comments »
လွမ်းတယ်ဆိုတာ

လွမ်းတယ်ဆိုတာ
ပန်းတွေကြွေသလိုပဲတဲ့
လေထဲမှာ ၀ဲခနဲ ၀ဲခနဲ
မစဲပဲ မစဲအောင် ဆင့်
တစ်ပွင့်ချင်းကွာ
တစ်လွှာချင်းဝေ
မြေပြင်ရောက်မှ နား
ခါးသီးစွာ အနင်းခံ
ပွင့်ကြွေစံ ဘဝ
မလှမပ တဲ့လေ….

တမ်းတသူရင်မှာ
တစ်လွှာချင်းကြွေ
ကျေနေရတာကတော့
ဖျော့တော့တော့ဝိဥာဉ်
ရှင်သန်ဖို့ ကြိုးစား
ခွန်အားမဲ့ နှလုံးသားရယ်ပါ
ကယ်သူက ဝေးကွာ
မေးသာငေါ့မယ့်လူတွေနဲ့
ကြွေခဲ့ပြီပဲကွယ်
အသည်းဝယ်ကွဲအက်
မျက်ရည်စက်တွေသွေးစက်တွေ
ကြွေပြီးရင်ကြွေ
ဝေပြီးရင်ဝေ
ကြာလေလေခမ်းတော့မယ်
လွမ်းတယ်ဆိုတာ
ပန်းတွေ ကြွေသလိုပဲတဲ့…

ချစ်သူရေ

Tuesday, October 19, 2010 Posted In Edit This 0 Comments »
Free Image Hosting Animation Pictures View Photos

ချစ်သူရေ

ငါ့ရဲ့ခံစားချက်တွေနဲ.မျှော်လင်.ချက်တွေကိုမင်းနားလည်အောင် မင်း ယုံကြည်လာအောင် ဘယ်လိုပြောပြရမလဲ။
မမျှော်လင်.ပဲတွေ.ခဲ့ကြပြီး ဖော်မပြတတ်အောင်ချစ်မိသွားတဲ. ငါ့ရဲ့အချစ်တွေကိုမင်းသိရဲ.လား။
မင်းယုံကြည်လာအောင်ငါမပြောပြတတ်ပေမဲ. တနေ.နေ.တချိန်ချိန်မှာတော.
မင်းသိလာလိမ်.မယ်လို.ငါယုံကြည်နေမိတယ်။ ငါ့ အတွက်တော.မင်းဟာတစ်ဦးတည်းသောချစ်သူပါ။
မင်းလဲငါ.ကိုချစ်နေတယ်လို.ငါ ယုံကြည်ပါရစေ။ အဲ.ဒါကလဲ ငါ့ရဲ.အသက်ရှင်ခွင်.လေးကိုငါထိန်းသိမ်းတာပါ။
ငါတို.ဆုံနိုင်မဲ.နေကိုလဲ ယုံကြည်ရင်ခုန်စွာနဲ. ထပ်ပြီးမျှော်လင့်ပါရစေ..............။
အချစ်ဆိုတာအမြဲပဲပျော်စရာတွေမပေးမှန်းသိပေမဲ့ ငါကအတ္တကြီးကြီးနဲ. ပျော်စရာတွေပဲမျှော်လင်.မိပါလား။
အဆုံးကျတော. ကြေကွဲစရာတွေနဲ.ဇာတ်မသိမ်းချင်သလို ကလေးဆန်တယ်ပဲပြောပြော
အတူတူလက်တွဲပြီး ဘယ်တော့မှမပြိုကွဲမဲ့ အိမ်ကလေးတလုံးတည်ဆောက်ချင်တာ ငါ.ဆန္ဒနဲ.မျှော်လင်.ချက်ပါ...........။
တချိန်ချိန်မှာတော့ မင်းနားလည်လာမှာပါ ငါ့မျှော်လင့်ချက်တွေကို...................
ဒါပေမဲ့ မင်းသိလာတဲ.တနေ.ဟာနောက်မကျပါစေနဲ.လို.မျှော်လင့်မိပါတယ် ချစ်သူလေးရယ်...........။

ချစ်သူ

Tuesday, October 19, 2010 Posted In Edit This 0 Comments »
ချစ်သူ

တို့ရဲ့အတိတ်ဟာ အိပ်မက်မဟုတ်ခဲ့ဘူးချစ်သူ……..
ဟန်ဆောင်ခြင်းနဲ့ချစ်ခဲ့တာမှန်းသိပေမယ့်လည်း
နင့်ကိုအပြစ်မယူခွင့်လွှတ်နေတတ်သူပါ
နင်တန်ဖိုးမထားခဲ့တဲ့ငါ
နင့်ရဲ့ကတိစကားအပေါ် အကြိမ်ကြိမ်ဒူးထောက်
ဆယ်ကမ္ဘာလောက်ခြေရာဖျောက်လည်း
နင့်အပေါ်ထားတဲ့စိတ်တွေမပြောင်းလဲပါဘူးချစ်သူ……
မာနနဲ့သိက္ခာကိုခ၀ါချ
နှလုံးသားတစ်ခုလုံး
ယုံမှတ်လို့ပုံအပ်ခဲ့တာလည်း နင်အသိပါ
နောက်ဆုံးတော့လည်း နင်ထားရာနေ နင်စေရာသွားတဲ့ဘ၀မှာ
ပျော်ပိုက်ဖို့ကြိုးစားရင်း
ဘယ်တော့မှမမေ့နိုင်ခြင်းတွေနဲ့
နင့်ကိုဆက်ချစ်နေဦးမယ်ဆိုတာ…

အတိတ်တစ်ခု

Monday, October 18, 2010 Posted In Edit This 0 Comments »
အတိတ် တစ်ခု

နေရောင်ခြည် ရှိပေမဲ့....
ချစ်သူမရှိ ပကတိ အမှောင်...
လ ရောင် ဆမ်းပေမဲ့ ..
ချစ်သူကို လွမ်း...
ငါ့ ရဲ့ ဘ၀ လမိုက်ညပေါ့....
ပန်းများပွင့်လျက်...
ချစ်သူအတွက် မပေးဆပ်နိင်....
ပန်များမွှေးလျက်.....ချစ်သူနှင့် ဝေး
ပန်းမပေးနိုင်.....
ပြန်တွေးသမျှ
ကြေကွဲရတယ်...
သြော်...ကံကြွေးဘယ်တော့ ကြေမှာလဲ။

ချစ်သူ့ကျိန်စာ

Monday, October 18, 2010 Posted In Edit This 0 Comments »
ချစ်သူ့ကျိန်စာ

ကျွန်ုပ်သည် သင့်အား အသက်နှင့် ထပ်တူထပ်မျှ
မြတ်နိုးရပါ သောကြောင့်
ငါမှလွဲ၍ တစ်ပါးသူကို ချစ်ရန်
သစ္စာဖောက်သော အခါ
ငါ၏ နှလုံးသားကွဲကြေရ သကဲ့သို့
သင်လည်း....ထပ်တူထပ်မျှ ခံစားရပါစေ ။

ငါ့မျက်ရည် တစက်ကျတဲ့အချိန်မှာ
သင့်အသည်း တစ်ပဲ့ကြွေသွားပါစေ ။

ငါ့ရဲ့ ရင်ထဲအဆွေးနှင့် ပြည့်နှက်နေသောအခါ
သင့်ရင်ထဲလည်း မွန်းကျပ်လို့ အနေခက်ပါစေ ။

ငါ့ခေါင်းထဲ ပြဿနာတို့နှင့် လောင်ကျွမ်းခဲ့ရင်
သင့်ကိစ္စတို့သည်လည်း သပွတ်အူပမာ ရှုပ်ထွေးပါစေ ။

ငါ၏ ညဘက်အိမ်မက်တွေ ထွက်ပြေးခဲ့သော်
သင့်မျက်ခွံတွေလည်း အပိတ်ခက်ပါစေ ။

အကယ်၍....
ငါ့ခန္ဓာ ထာဝရ အနားယူချိန်ရောက်သောအခါမှာလည်း
သင်သည် ဒူးထောက် ယုံမှတပါး
အခြားရွေးစရာ လမ်းမရှိပါစေနှင့်..။

ဒို့အချစ်တွေ နယ်ကျွံခဲ့ပေါ့

Monday, October 18, 2010 Posted In Edit This 0 Comments »

ဒို့အချစ်တွေ နယ်ကျွံခဲ့ပေါ့

တကယ်ဆို မဖြစ်သင့်မှန်းလဲသိပါတယ်
မချစ်သင့်မှန်းလဲ သိခဲ့ပါတယ်
ဒါပေမယ့် . . .
ငါနောင်တရမိပါတယ်။

မင်းကိုချစ်မိတဲ့ အတွက်တော့ မဟုတ်ပါဘူး
မင်းနဲ့တွေ့ဆုံခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို
ငါ ကျေးဇူးမတင်ဘူး။

တကယ်ဆို လမ်းခွဲဖို့သင့်ပြီဆိုတာလဲ
ငါ သေချာသိနေပါပြီ
ဒါပေမယ့် . . .
မပြတ်မသားနဲ့ ရှေ့ကို ဆက်ဆက်တိုးနေမိတာလဲ
ငါ့ကိုယ်ငါ မယုံနိုင်ပါဘူး။

တကယ်လို့ ငါတို့ ဝေးသွားကြမယ်ဆိုရင်
မင်းနဲ့ တစ်ဘ၀စာ မတွေ့ရတော့ဘူးဆိုရင်တောင်
မင်းကို ချစ်တဲ့နှလုံးသားတစ်ခုတော့
ငါ့မှာ တစ်သက်လုံး ကျန်ခဲ့မှာပါ။

အဲဒီအတွက် . . .
ငါ ကျေနပ်တယ်
သြော် . . .ဒို့အချစ်တွေ နယ်ကျွံခဲ့ပေါ့ .

ချစ်သူသိစေ

Sunday, October 17, 2010 Posted In Edit This 0 Comments »
ချစ်သူသိစေ

မျှော်လင့်မထားတဲ့ ရင်းနှီးမှုနဲ့
အမှတ်မထင် ရင်းနှီးခဲ့
တနေရာစီ ခြားနေပေမယ့်
မမြင်နိုင်တဲ့ သံယောဇဉ်က
နှလုံးသားချင်း နီးစေခဲ့
ချစ်သူမရှိတဲ့ နေ့တွေမှာ
အရာရာ အသက်မဲ့သလို
ငါ့စိတ်တွေ ရွက်လွှင့်
ဝေဒနာတခု အတွက်..........
အိပ်ပျက်ညတွေသာ ဖြစ်သွားခဲ့
အသံလေးကြားယုံနဲ့........
လှုပ်ရှားခဲ့ရ ငါ့နှလုံးသားမှာ
ချစ်သူပုံရိပ် အရိပ်တစ်ခုအဖြစ်ပုံဖော်ရင်း
စိတ်ကူးနဲ့တောင် ငါပျော်နေမိပါရဲ့
ကုန်ဆုံးသွားတဲ့ နာရီတွေနဲ့အတူ
ဆုံဆည်းခွင့်ကို တမ်းတ
ရက်လတွေ လက်ချိုးရေတွက်ရင်း
တုန်ရီလှိုက်မောစွာနဲ့..........
ဟစ်ကြွေးနေတဲ့ ချစ်စကားသံ
ချစ်သူကြားသိနိုင်ပါ့ မလား....

(Anonymous)