ကြယ်ကြွေညတိုင်းဆုတောင်းမိ

Wednesday, July 14, 2010 Posted In Edit This 0 Comments »

ကြယ်ကြွေညတိုင်းဆုတောင်းမိ

စောင့်မျှော်နေမိတယ်...
မင်းနဲ့အတူလက်ချင်းယှက်
စိတ်ချင်းဆက်လို့
ခရီးဆက်ရမဲ့နေ့လေးတွေကို...

စောင့်မျှော်နေမိတယ်...
ပျော်ရွှင်မှုတွေနဲ့အတူ
ဒို့ဆီအရောက်
မင်းပြန်ရောက်လာမယ့်နေ့လေးကို...

စောင့်မျှော်နေမိတယ်...
အလွမ်းပန်းတွေ ကြွေလွင့်
အနမ်းပန်းတွေ ဝေဆာမယ့်
နေ့လေးတွေကို...

စောင့်မျှော်နေမိတယ်...
ဒို့သိပ်မျှော်လင့်တောင့်တနေရ
ကြယ်ကြွေညတိုင်းဆုတောင်းနေမိခဲ့
အနားမင်းရှိမဲ့အချိန်လေးကို...

စောင့်မျှော်နေမိတယ်...
ငါ့လက်ကလေးကို...
နွေးထွေးစွာဆုပ်ကိုင်လို့
စိတ်ချင်း ဆက်
ပခုံးချင်း မှေးယှက်လို့
အနမ်းပန်းလေးတွေ
ဝေဆာဖူးပွင့်မယ့် နေ့လေးတစ်နေ့ကို...

တစ်ခါတစ်လေ...
တိတ်တိတ်လေး စိတ်ကူးပျော်မြူးနေရ
မင်းနဲ့အတူ ကြည်နှုးခွင့်ရမယ့်
ကြယ်ကြွေညရဲ့ ရင်ခုန်သံလေးတွေကို...

ချစ်သူရေ...
ဒို့တွေဘယ်လောက်ပင်ဝေးနေနေ
နိုင်ငံတွေ ရေမြေတွေခြားနေပါစေ
ဒို့နှစ်ယောက်ရဲ့နှလုံးသားလေးတွေက
အမြဲနီးနေတယ်နော်...

ငါယုံကြည်နေတယ်...
သစ္စာရှိစွာနဲ့စောင့်မျှော်နေမယ်
မင်းနဲ့အတူ မဆုံမချင်းပေါ့...

တစ်နေ့နေ့တော့...
ငါ့စိတ်ကူးအိပ်မက်တွေကို
မင်းအကောင်ထည်ဖော်ပေးနိုင်လိမ့်မယ်လို့
အကြွင်းမဲ့ငါယုံကြည်နေပါတယ်...

ငါမျှော်လင့် ရူးသွပ်
တောင့်တနေခဲ့ရတဲ့
ရင်ခုန်သံတွေနဲ့ တိတ်ဆိတ်
အနမ်းပန်းလေးတွေ နိုးထလာမယ့်
ကြယ်ကြွေညရဲ့ ရင်ခုန်သံလေးကို
မင်းဖြည့်ဆည်းပေးမှဖြစ်မှာမို့
ကြယ်ကြွေညတိုင်း ဆုတောင်နေမယ်
ချစ်သူ...

(Anonymous)

0 comments: