Final Good Bye
Sunday, November 21, 2010 Posted In poem Edit This 0 Comments »One day I will close my eyes
and then you will realize
All I said and done for you-
was because I really loved you.
And as I take my last breath in your arms
it makes me happy inside – it warms
I look at you one last time
and you will see the star in my eyes shine
As I wisper my very last word
not very long, very short
I love you.....
you see- my love to you was true
one last breath I take before I go
then- finally you will know
All the Love I had for you
it was all so true.........
And when you hear a wind chime
you will know that I am fine
I will always be with you
cause my Love to you was true.
ချစ်ခြင်းအတ္တ
Wednesday, November 17, 2010 Posted In poem Edit This 0 Comments »
ကြင်နာမှုဟာ..
မြတ်နိုးမှုရဲ့ ကြင်ယာဖက်မို့
ကြင်နာမှုတွေ သတိရတိုင်း
မင်းရဲ့ ရင်ခွင်နဲ့ အနီးဆုံး
နေချင်တဲ့ အတ္တ
မင်းနားလည်နိုင်မလားကွယ်....။
ချစ်ခြင်းဟာ သနားမှုရဲ့
သက်တော်စောင့်မို့
သနားချစ်မြတ်နိုးမှုဟာ
ငါ့ရဲ့ရင်ကို စူးနစ်သမို့
သွေးစိမ်းစီး..
ငါ့ရဲ့ အသက်မဲ့ပါစေ
ငါဆက်ချစ်နေမဲ့သူပါ...။
သစ္စာကျမ်း မကျိန်ဆိုဖူးပေမယ့်
နင်နဲ့ငါ မခွဲနိုင်အောင်
သိပ်ချစ်တာ...
တူညီနေသမျှ နင့်ရဲ့ချစ်သူငါ...
ငါ့ရဲ့ ချစ်သူ နင်....
ဖြစ်နေမှာ..
သေချာလေရဲ့ကွယ်...။
ရင်ထဲက မိုးရာသီ
Saturday, November 13, 2010 Posted In poem Edit This 0 Comments »
မျှော်လင့်ခြင်းအပြည့်နဲ့ 
မိုးလင်းခဲ့တဲ့..ညပေါင်းများစွာကို
အမုန်း မုန်တိုင်း လက်နက်ကို ကိုင်ဆောင်
ရက်စက်မူ့အင်အားနဲ့ 
ရာဇသံ ပေး စစ်ခင်းမယ်လို့ 
စစ်ချီတက်လို့  လာသူရယ်။
မည်သူရှူံးလို့  မည်သူနိုင်
ပုစ္ဆာကို အဖြေ ထုတ်လိုက်ရင်
မတော်တရာ မတွေးတဲ့ 
မဟော်သဓာကို မေးလိုက်ရင်တောင်
နန်းရာ ဆုံးမဲ့ 
ပန်းတစ်ရာ အပြုံးနဲ့ ကိုယ့် ဘဝပါ။
နွေလို ပူပြင်း
မုန်တိုင်းလို ခက်ထန်
ခရောင်းတောလို ကြမ်းတမ်း
တစ္ဆေလို ချောက်လန့် 
ဘီးလူးလို မာန်ဝင်
ဓါးသွားလိုထက် မြက်
အန္တရာယ်မျိုးစုံ ရန်ငြိုး အဖုံနှင့် 
ကြိုဆိုနေမယ့်  မင်းရဲ့ နှလုံးသား။
မယှဉ်သာလို့ ရှူံးခဲ့ ပေမယ့် 
အစဉ်သာ ဒီဘဝမှာတော့ 
မျှော်လင့် ခြင်းရယ်လမ်းဆုံး
ပန်းပြုံးတစ်ရာ မရှိတော့ ရင်လည်း
ကိုယ့် ရင်..ထဲ..မှာ
မျက်ရေမိုးတွေ ရွာသွန်း..ဆဲ...ပါ..။
ပိုင်ဆိုင်ခွင့်
Thursday, November 11, 2010 Posted In poem Edit This 0 Comments »
ချစ်သူရေ
ပြန်မလာတော့ဘူးဆိုတာသိရက်နဲ့
စောင့်နေမိတဲ့ ကောင်မလေး
ငါ့ကို နင် အပြစ်မတင်ပါနဲ့။
နင့်လှည့်စားမှု့တွေအောက်မှာ
ပြားပြားဝပ်သွားတဲ့
ငါ့နှလုံးသားလေးကိုလည်း မေ့လိုက်ပါ
ဆိုတဲ့ စကားလုံးတွေနဲ့
ကြေကွဲအောင် ထုချေမပစ်ပါနဲ့။
နင်ထားခဲ့ပြီးဖြစ်တဲ့ ငါ့ကို
အမိန့်လို စကားတွေနဲ့
လာမသုံးပြပါနဲ့။
လမ်းခွဲခဲ့ရပေမဲ့
သတိရခြင်းတွေ
လွမ်းဆွတ်ခြင်းတွေ
ချစ်နေရခြင်းတွေကိုတော့
ငါ ပိုင်ဆိုင်ခွင့်ရှိပါသေးတယ်။
အပြစ်မကင်းတဲ့ချစ်ခြင်း
Thursday, November 11, 2010 Posted In poem Edit This 0 Comments »
အတ္တမကင်းတဲ့
နင့်နဲ့ငါ့ ရဲ့ ....ချစ်ခြင်းတစ်ခုမှာ
အသည်းကွဲခြင်းနဲ့အဆုံးသပ်
ဇာတ်လမ်းပြတ်ခဲ့တယ်ဆို
ဘယ်သူကမှားခဲ့လဲ.....ဟင်
ချစ်သူတွေဆိုပေမဲ့.....ချစ်သာချစ်ပြီး
နားလည်မူ့မရှိတော့တဲ့အခါ
အပြစ်တွေဖြစ်လာတော့ 
အမျက်တွေက.....နင့်နဲ့ ငါကြား
ဖျတ်ခနဲဆို....တိုးလို့ ဝင်လာ
နှလုံးသားမှာအမာရွတ်တစ်ခုအနေနဲ့ 
ဖျက်မရအောင်စွဲထင်ခဲ့ပြီး
မာနနဲ့လမ်းခွဲ.....အတ္တကိုရှေ့ တန်းတင်လို့ 
အခုတော့အသည်းကွဲ
နာကျင်ကြတာရော......ငါထင်တယ်
နှစ်ယောက်စလုံး....အပြစ်မကင်းပါဘူး
အခုတော့ အသည်းကွဲလို့ 
အစားထိုးဖို့ ခက်ပေမဲ့
နင့်နံဘေးမှာ........
ငါနေချင်ပါသေးတယ်
ချစ်နေသေးတဲ့ ...ငါမဟုတ်တဲ့
နှလုံးသားတစ်စုံနဲ့ ပေါ့...
ငါလေနင့်ကိုချစ်နေသေးတယ်
အတ္တမကင်းတဲ့ချစ်ခြင်းတွေနဲ့ ပေါ့ ..................။
မျှော်နေမယ်
Tuesday, November 02, 2010 Posted In poem Edit This 0 Comments »မင်းနဲ့ ကြည်နှုးနေတဲ့ အချိန်လေးတွေက
ငါ့ကို အခုတော့ လွမ်းဆွတ်မှုတွေ
ပေးနေပြီ ချစ်သူ....
မင်းငါ့ကို ဘာလို့ မုန်းသွားတာလဲလို့
ငါစဉ်းစားလို့မရဘူး..
ငါ့မှာ မင်းလိုတာတွေကို
ဖြည့်ဆည်းပေးခဲ့ ပြီးပြီလေ
မင်းငါ့ကို မုန်းသွားခဲ့ပေမယ့်
ငါဝမ်းမနည်းပါဘူး....
ဘယ်အချိန်မှာ ဘယ်လိုဘဲဖြစ်ဖြစ်
နင်လာမယ်ဆိုရင် ငါ့ရင်ခွင်တံခါးကို
အမြဲတမ်း ဖွင့်ထားတယ်...
မင်းလာမယ် ဆိုရင်
ငါမျှော်နေမယ်...
ကိုယ်နဲ့မင်းနဲ့သူတို့နဲ့ (R ဇာနည်)
Tuesday, November 02, 2010 Posted In video Edit This 0 Comments »နှုတ်ဆက်ပါတယ်...................
Tuesday, November 02, 2010 Posted In goodbye Edit This 0 Comments »ချစ်သူရယ်...............
ငါမင်းကိုတကယ်ချစ်ခဲ.ပါတယ်။
ဒါပေမဲ. မင်းလိုချင်ခဲ.တာ ငါ.အချစ်တွေမှမဟုတ်ပဲ။
ငါ.မင်းအပေါ်မှာ ဂရုစိုက်မှုတွေကို မင်းသာယာနေတာပါ။
အဲဒါအချစ်မဟုတ်ဘူးဆိုတာမင်းကိုယ်တိုင်လဲသိပါတယ်....................။
မင်းငါ.ကိုဆုံးရှုံးရမှာတော.ကြောက်နေခဲ.တာ ငါသိပါတယ်....................။
နောက်တစ်ယောက်ဆိုတာ အခုတစ်ယောက်လောက် မင်းအပေါ်အာရုံစိုက်ဖို.မသေချာဘူးဆိုတာ မင်းသိနေလို.ပါ။
ငါ လဲမင်းကိုဆုံးရှုံးရမှာကြောက်ပါတယ်။ ဒါပေမဲ.ငါဘယ်လောက်ပဲ မင်းကိုချစ်ချစ် တခြားတစ်ယောက်ကြောင်. စိတ်ညစ်နေတဲ.မင်းကိုနှစ်သိမ်.ပေးရလောက်အောင် အချစ်တွေပြည်.၀မနေခဲ.တာတော. တောင်းပန်ပါတယ်။
ဒီလိုဇာတ်သိမ်းမျိုး ငါမလိုချင်ခဲ.တာ မင်းသိမှာပါ။ အခုတော. ငါချစ်တဲ.မင်းကို ခပ်ဝေးဝေးကနေပဲ လှမ်းကြည်.နေတော.မယ်။ မင်းဘ၀လေးသာယာပါစေ ချစ်သူရယ်..............။ လိုချင်တာတွေ ရပါစေ။ ဖြစ်ချင်နေတာတွေ အမြန်ဆုံးဖြစ်ပါစေ။ နောင်တစ်ချိန်မှာတော. ငါ.အချစ်တွေကို မင်းသိနိုင်ပါစေ။ ငါ.ထက်ချစ်တတ်တဲ.သူနဲ.တွေ.နိုင်ပါစေ..............။
ငါ.ထက်ချစ်တတ်တဲ.သူနဲ.တွေ.ရင် မင်းအရမ်းကံကောင်းပါတယ်။ နှုတ်ဆက်ပါတယ် ချစ်သူ.................။
ထာဝရပျော်ရွင်နိုင်ပါစေ။
မညီမျှခြင်း
Tuesday, November 02, 2010 Posted In poem Edit This 0 Comments »မညီမျှခြင်း
ချစ်သူ....
ထပ်တူမညီကျတဲ့
မင်းနဲ.ငါ. ရဲ့ ရင်ခုန်သံတွေကြားမှာ..
ပျော်ရွှင်ဖူးခဲ.သလို
နာကြင်စွာလဲရှိခဲ.ဖူးတယ်။
သိပ်ချစ်လွန်းလို့.ရူးခဲ.ပေမယ်.
နှလုံးသားရဲ့ဆန္ဒ...
ဦးနှောက်နဲ့ တွေးမိလိုက်တော့....
မဖြစ်နိုင်ဘူးဆိုတဲ.အသိနဲ့...
ပုံမှန်မဟုတ်တဲ့ ငါ့ရင်ခုန်သံတွေကို ...ဆုံးမရင်း...
နာကြင်စွာနဲ.
လမ်းခွဲဖို.လဲကြိုးစားဖူးတယ်။
ချစ်သူ...
ရင်မှာမြိုသိပ် တိတ်တိတ်ရင်ခုန်
လွမ်းတဲ့စိတ်ကိုလည်း
ကြိတ်မှိတ်ပြီးလဲမေ့ ခဲ့ဖူးတယ်..
င်္သသယတွေနဲ.စိတ်မချလို.
သ၀န်တွေလဲတိုခဲ.ဖူးတယ်။
လွမ်းတိုင်းငိုကြွေး
ကဗျာလေးတွေနဲ.ရင်ဖွင်.ဖူးတယ်..
စိတ်ကူးရင်ရူး
မင်းနဲ.ကမ္ဘာတည်ခဲ.ဖူးတယ်..
ဟိုးအဝေးကြီးကငါ.ရဲ.ချစ်သူ
တမ်းတပြီးလဲမျှော်ခဲ.ဖူးတယ်။
မြတ်နိုးစိတ်နဲ.
မင်းအတွက်ရည်စူး
ဘုရားမှာလဲဆုတောင်းဘူးတယ်။
နှုတ်ဆက်အသိနဲ.
လက်ပြပြီးလဲ ထွက်ခဲ.ဘူးတယ်။
မင်းကြားချင်တဲ.စကား
ငါ.ရင်ထဲမှာအကြိမ်ကြိမ်ဖြေခဲ.ဘူးတယ်။
ငါဖြစ်ချင်တဲ. ဆန္ဒတစ်ခု
မင်းကိုငါပြောခဲ.ဘူးတယ်။
မဖြစ်နိုင်မှန်းသိရက်နဲ.
ပြောင်းလဲဖို.လဲကြိုးစားဖူးတယ်။
မင်းငါ.ကိုမေးခဲ.ဘူးသလို
ငါ.ကို်ငါလဲမေးခဲ.ဘူးတယ်။
ငါ.အချစ်ဟာဖြူစင်ခဲ.သလား?
ငါ.ဦးနှောက်ကိုcheckingလိုက်လို.
ငါ.နှလုံးသားကိုလဲစစ်ခဲ.ဖူးတယ်။
ငါ.ဦးနှောက်ရဲ.တွက်ချက်မှုနဲ.
equation တွေလဲချခဲ.ဘူးတယ်။
theory တွေနဲ.တိုင်းတာ
အကြိမ်ကြိမ်အခါခါတွက်ခဲ.ဖူးတယ်။
နောက်ဆုံးမှာတော.ငါသေချာသိလိုက်ရတာက
မာနတွေနဲ.ပြိုင်ဆိုင်
မောဟတွေနဲ.မိတ်ဆက်လို.
အတ္တကြီးတဲ.နှလုံးသားတစ်စုံသာ
ငါ.မှာရှိခဲ.တာပါ။
ဖြူစင်ခဲ.တဲ.ငါ.အချစ်အတွက်
မင်းငါ.ကိုနာကြည်းမုန်းတီးစွာ
စွန်.ခွာသွားပါတော.ချစ်သူ
ငါကတော.့အတ္တနဲ.မာနအတွက်
လောကကြီးကိုဆက်လက်ယှဉ်ပြိုင်ဖို.
ငါ.နှလုံးသားတစ်စုံကိုအပြီးသတ်စတေးလိုက်ပါပြီ။
ချစ်သူ....
ထပ်တူမညီကျတဲ့
မင်းနဲ.ငါ. ရဲ့ ရင်ခုန်သံတွေကြားမှာ..
ပျော်ရွှင်ဖူးခဲ.သလို
နာကြင်စွာလဲရှိခဲ.ဖူးတယ်။
သိပ်ချစ်လွန်းလို့.ရူးခဲ.ပေမယ်.
နှလုံးသားရဲ့ဆန္ဒ...
ဦးနှောက်နဲ့ တွေးမိလိုက်တော့....
မဖြစ်နိုင်ဘူးဆိုတဲ.အသိနဲ့...
ပုံမှန်မဟုတ်တဲ့ ငါ့ရင်ခုန်သံတွေကို ...ဆုံးမရင်း...
နာကြင်စွာနဲ.
လမ်းခွဲဖို.လဲကြိုးစားဖူးတယ်။
ချစ်သူ...
ရင်မှာမြိုသိပ် တိတ်တိတ်ရင်ခုန်
လွမ်းတဲ့စိတ်ကိုလည်း
ကြိတ်မှိတ်ပြီးလဲမေ့ ခဲ့ဖူးတယ်..
င်္သသယတွေနဲ.စိတ်မချလို.
သ၀န်တွေလဲတိုခဲ.ဖူးတယ်။
လွမ်းတိုင်းငိုကြွေး
ကဗျာလေးတွေနဲ.ရင်ဖွင်.ဖူးတယ်..
စိတ်ကူးရင်ရူး
မင်းနဲ.ကမ္ဘာတည်ခဲ.ဖူးတယ်..
ဟိုးအဝေးကြီးကငါ.ရဲ.ချစ်သူ
တမ်းတပြီးလဲမျှော်ခဲ.ဖူးတယ်။
မြတ်နိုးစိတ်နဲ.
မင်းအတွက်ရည်စူး
ဘုရားမှာလဲဆုတောင်းဘူးတယ်။
နှုတ်ဆက်အသိနဲ.
လက်ပြပြီးလဲ ထွက်ခဲ.ဘူးတယ်။
မင်းကြားချင်တဲ.စကား
ငါ.ရင်ထဲမှာအကြိမ်ကြိမ်ဖြေခဲ.ဘူးတယ်။
ငါဖြစ်ချင်တဲ. ဆန္ဒတစ်ခု
မင်းကိုငါပြောခဲ.ဘူးတယ်။
မဖြစ်နိုင်မှန်းသိရက်နဲ.
ပြောင်းလဲဖို.လဲကြိုးစားဖူးတယ်။
မင်းငါ.ကိုမေးခဲ.ဘူးသလို
ငါ.ကို်ငါလဲမေးခဲ.ဘူးတယ်။
ငါ.အချစ်ဟာဖြူစင်ခဲ.သလား?
ငါ.ဦးနှောက်ကိုcheckingလိုက်လို.
ငါ.နှလုံးသားကိုလဲစစ်ခဲ.ဖူးတယ်။
ငါ.ဦးနှောက်ရဲ.တွက်ချက်မှုနဲ.
equation တွေလဲချခဲ.ဘူးတယ်။
theory တွေနဲ.တိုင်းတာ
အကြိမ်ကြိမ်အခါခါတွက်ခဲ.ဖူးတယ်။
နောက်ဆုံးမှာတော.ငါသေချာသိလိုက်ရတာက
မာနတွေနဲ.ပြိုင်ဆိုင်
မောဟတွေနဲ.မိတ်ဆက်လို.
အတ္တကြီးတဲ.နှလုံးသားတစ်စုံသာ
ငါ.မှာရှိခဲ.တာပါ။
ဖြူစင်ခဲ.တဲ.ငါ.အချစ်အတွက်
မင်းငါ.ကိုနာကြည်းမုန်းတီးစွာ
စွန်.ခွာသွားပါတော.ချစ်သူ
ငါကတော.့အတ္တနဲ.မာနအတွက်
လောကကြီးကိုဆက်လက်ယှဉ်ပြိုင်ဖို.
ငါ.နှလုံးသားတစ်စုံကိုအပြီးသတ်စတေးလိုက်ပါပြီ။
အလွမ်းဒဏ်ရာ
Tuesday, November 02, 2010 Posted In poem Edit This 0 Comments »အလွမ်းဒဏ်ရာ
ချစ်သူ.......မင်းဟာ
ငါ.နှလုံးသားတစ်နေရာမှာ
နက်ရှိုင်းစွာစူးဝင်နေတဲ.
ဆူးလေးတစ်ချောင်းပါ
မင်းပေးတဲ့ ဒဏ်ရာတွေနဲ့
ငါ့နှသားတစ်ခုလုံးကြေမွ
သွေးစက်စက်ကြနေပေမဲ.
မင်းကိုငါနှုတ်မပစ်ရက်ပါဘူး
ချစ်သူ.......ငါဟာ
သူများတွေပျော်ရွှင်ချိန်မှာ
ဟန်ဆောင်ပြုံးတွေနဲ.
အတုအယောင်ကိုဖန်ဆင်း
ကိုယ်.ကိုကိုယ်ကာကွယ်ရင်းနဲ့
တိုးတိတ်စွာတမ်းတနေမိသူပါ
ချစ်သူ......မင်းဟာ
ငါ.ကိုကဝေတစ်ကောင်လိုပြုစား
ငါ.နှလုံးသားကိုလှည်.ဖြားခဲ့တယ်နော်
မချစ်တတ်သေးတဲ.ငါ.ကို
ချစ်တတ်လာအောင်လှည်.စား
အိပ်မက်ရှည်များစွာကိုလဲ
မက်တတ်အောင်သင်ကြားပေးခဲ.ပြန်တယ်
ချစ်သူ........ငါဟာ
မျက်စိရှေ.မှာတင်ကွဲအက်သွားတဲ.
ငါ.နှလုံးသားလေးကို
ဖမ်းယူတားဆီးဖို.တောင်
မစွမ်းနိုင်တဲ.သူပါ
ချစ်သူ.....ခုတော့ မင်းဟာ
အခြားသူတစ်ယောက်ရဲ.ရင်ခွင်မှာ
အနမ်းတွေနဲ.အတူ
အလွမ်းတွေကိုမေ.လျှော.
ပျော်ရွှင်စွာရယ်မောတတ်နေပြီပေါ.
ချစ်သူ.....ခုတော.ငါဟာ
မင်းပေးတဲ.အလွမ်းဒဏ်ရာတွေကို
ထွေးပိုက်ရင်း
အိပ်ပျက်ညများစွာကိုကျော်ဖြတ်လို.
အိပ်စက်ရမှာတောင်ကြောက်နေမိသူပါ...
ချစ်သူ.......မင်းဟာ
ငါ.နှလုံးသားတစ်နေရာမှာ
နက်ရှိုင်းစွာစူးဝင်နေတဲ.
ဆူးလေးတစ်ချောင်းပါ
မင်းပေးတဲ့ ဒဏ်ရာတွေနဲ့
ငါ့နှသားတစ်ခုလုံးကြေမွ
သွေးစက်စက်ကြနေပေမဲ.
မင်းကိုငါနှုတ်မပစ်ရက်ပါဘူး
ချစ်သူ.......ငါဟာ
သူများတွေပျော်ရွှင်ချိန်မှာ
ဟန်ဆောင်ပြုံးတွေနဲ.
အတုအယောင်ကိုဖန်ဆင်း
ကိုယ်.ကိုကိုယ်ကာကွယ်ရင်းနဲ့
တိုးတိတ်စွာတမ်းတနေမိသူပါ
ချစ်သူ......မင်းဟာ
ငါ.ကိုကဝေတစ်ကောင်လိုပြုစား
ငါ.နှလုံးသားကိုလှည်.ဖြားခဲ့တယ်နော်
မချစ်တတ်သေးတဲ.ငါ.ကို
ချစ်တတ်လာအောင်လှည်.စား
အိပ်မက်ရှည်များစွာကိုလဲ
မက်တတ်အောင်သင်ကြားပေးခဲ.ပြန်တယ်
ချစ်သူ........ငါဟာ
မျက်စိရှေ.မှာတင်ကွဲအက်သွားတဲ.
ငါ.နှလုံးသားလေးကို
ဖမ်းယူတားဆီးဖို.တောင်
မစွမ်းနိုင်တဲ.သူပါ
ချစ်သူ.....ခုတော့ မင်းဟာ
အခြားသူတစ်ယောက်ရဲ.ရင်ခွင်မှာ
အနမ်းတွေနဲ.အတူ
အလွမ်းတွေကိုမေ.လျှော.
ပျော်ရွှင်စွာရယ်မောတတ်နေပြီပေါ.
ချစ်သူ.....ခုတော.ငါဟာ
မင်းပေးတဲ.အလွမ်းဒဏ်ရာတွေကို
ထွေးပိုက်ရင်း
အိပ်ပျက်ညများစွာကိုကျော်ဖြတ်လို.
အိပ်စက်ရမှာတောင်ကြောက်နေမိသူပါ...