ချစ်ခြင်းအတ္တ

Wednesday, November 17, 2010 Posted In Edit This 0 Comments »
ချစ်ခြင်းအတ္တ

ကြင်နာမှုဟာ..
မြတ်နိုးမှုရဲ့ ကြင်ယာဖက်မို့
ကြင်နာမှုတွေ သတိရတိုင်း
မင်းရဲ့ ရင်ခွင်နဲ့ အနီးဆုံး
နေချင်တဲ့ အတ္တ
မင်းနားလည်နိုင်မလားကွယ်....။

ချစ်ခြင်းဟာ သနားမှုရဲ့
သက်တော်စောင့်မို့
သနားချစ်မြတ်နိုးမှုဟာ
ငါ့ရဲ့ရင်ကို စူးနစ်သမို့
သွေးစိမ်းစီး..
ငါ့ရဲ့ အသက်မဲ့ပါစေ
ငါဆက်ချစ်နေမဲ့သူပါ...။

သစ္စာကျမ်း မကျိန်ဆိုဖူးပေမယ့်
နင်နဲ့ငါ မခွဲနိုင်အောင်
သိပ်ချစ်တာ...
တူညီနေသမျှ နင့်ရဲ့ချစ်သူငါ...
ငါ့ရဲ့ ချစ်သူ နင်....
ဖြစ်နေမှာ..
သေချာလေရဲ့ကွယ်...။

0 comments: