အပြစ်မကင်းတဲ့ချစ်ခြင်း

Thursday, November 11, 2010 Posted In Edit This 0 Comments »
အပြစ်မကင်းတဲ့ချစ်ခြင်း

အတ္တမကင်းတဲ့
နင့်နဲ့ငါ့ ရဲ့ ....ချစ်ခြင်းတစ်ခုမှာ
အသည်းကွဲခြင်းနဲ့အဆုံးသပ်
ဇာတ်လမ်းပြတ်ခဲ့တယ်ဆို
ဘယ်သူကမှားခဲ့လဲ.....ဟင်
ချစ်သူတွေဆိုပေမဲ့.....ချစ်သာချစ်ပြီး
နားလည်မူ့မရှိတော့တဲ့အခါ
အပြစ်တွေဖြစ်လာတော့ 
အမျက်တွေက.....နင့်နဲ့ ငါကြား
ဖျတ်ခနဲဆို....တိုးလို့ ဝင်လာ
နှလုံးသားမှာအမာရွတ်တစ်ခုအနေနဲ့ 
ဖျက်မရအောင်စွဲထင်ခဲ့ပြီး
မာနနဲ့လမ်းခွဲ.....အတ္တကိုရှေ့ တန်းတင်လို့ 
အခုတော့အသည်းကွဲ
နာကျင်ကြတာရော......ငါထင်တယ်
နှစ်ယောက်စလုံး....အပြစ်မကင်းပါဘူး
အခုတော့ အသည်းကွဲလို့ 
အစားထိုးဖို့ ခက်ပေမဲ့
နင့်နံဘေးမှာ........
ငါနေချင်ပါသေးတယ်
ချစ်နေသေးတဲ့ ...ငါမဟုတ်တဲ့
နှလုံးသားတစ်စုံနဲ့ ပေါ့...
ငါလေနင့်ကိုချစ်နေသေးတယ်
အတ္တမကင်းတဲ့ချစ်ခြင်းတွေနဲ့ ပေါ့ ..................။

0 comments: