လွမ်းတယ်ဆိုတာ

Tuesday, October 19, 2010 Posted In Edit This 0 Comments »
လွမ်းတယ်ဆိုတာ

လွမ်းတယ်ဆိုတာ
ပန်းတွေကြွေသလိုပဲတဲ့
လေထဲမှာ ၀ဲခနဲ ၀ဲခနဲ
မစဲပဲ မစဲအောင် ဆင့်
တစ်ပွင့်ချင်းကွာ
တစ်လွှာချင်းဝေ
မြေပြင်ရောက်မှ နား
ခါးသီးစွာ အနင်းခံ
ပွင့်ကြွေစံ ဘဝ
မလှမပ တဲ့လေ….

တမ်းတသူရင်မှာ
တစ်လွှာချင်းကြွေ
ကျေနေရတာကတော့
ဖျော့တော့တော့ဝိဥာဉ်
ရှင်သန်ဖို့ ကြိုးစား
ခွန်အားမဲ့ နှလုံးသားရယ်ပါ
ကယ်သူက ဝေးကွာ
မေးသာငေါ့မယ့်လူတွေနဲ့
ကြွေခဲ့ပြီပဲကွယ်
အသည်းဝယ်ကွဲအက်
မျက်ရည်စက်တွေသွေးစက်တွေ
ကြွေပြီးရင်ကြွေ
ဝေပြီးရင်ဝေ
ကြာလေလေခမ်းတော့မယ်
လွမ်းတယ်ဆိုတာ
ပန်းတွေ ကြွေသလိုပဲတဲ့…

0 comments: