ချစ်သူ့ကျိန်စာ

Monday, October 18, 2010 Posted In Edit This 0 Comments »
ချစ်သူ့ကျိန်စာ

ကျွန်ုပ်သည် သင့်အား အသက်နှင့် ထပ်တူထပ်မျှ
မြတ်နိုးရပါ သောကြောင့်
ငါမှလွဲ၍ တစ်ပါးသူကို ချစ်ရန်
သစ္စာဖောက်သော အခါ
ငါ၏ နှလုံးသားကွဲကြေရ သကဲ့သို့
သင်လည်း....ထပ်တူထပ်မျှ ခံစားရပါစေ ။

ငါ့မျက်ရည် တစက်ကျတဲ့အချိန်မှာ
သင့်အသည်း တစ်ပဲ့ကြွေသွားပါစေ ။

ငါ့ရဲ့ ရင်ထဲအဆွေးနှင့် ပြည့်နှက်နေသောအခါ
သင့်ရင်ထဲလည်း မွန်းကျပ်လို့ အနေခက်ပါစေ ။

ငါ့ခေါင်းထဲ ပြဿနာတို့နှင့် လောင်ကျွမ်းခဲ့ရင်
သင့်ကိစ္စတို့သည်လည်း သပွတ်အူပမာ ရှုပ်ထွေးပါစေ ။

ငါ၏ ညဘက်အိမ်မက်တွေ ထွက်ပြေးခဲ့သော်
သင့်မျက်ခွံတွေလည်း အပိတ်ခက်ပါစေ ။

အကယ်၍....
ငါ့ခန္ဓာ ထာဝရ အနားယူချိန်ရောက်သောအခါမှာလည်း
သင်သည် ဒူးထောက် ယုံမှတပါး
အခြားရွေးစရာ လမ်းမရှိပါစေနှင့်..။

0 comments: